သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပိုင်းတွင် လူစုလူဝေးဖြင့် ကုန်ကဲ့ခြင်းမဖြစ်ပေါ်စေရေး ကုန်တင်ယာဉ်များ (၂၅) တန်ဖြင့်သာ ခွင့်ပြုမည်

 

ကွမ်းလုံ အောက်တိုဘာ ၅

ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်းတွင် လူစုလူဝေးဖြင့် ကုန်ကဲ့ခြင်း များကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှု တားဆီးကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်
စေရန် ရည်ရွယ်၍ (၁၀-၁၀-၂၀၂၀)ရက်နေ့မှစ၍ ယာဉ်နှင့် ကုန်အပါအဝင် (၂၅)တန်ဖြင့်သာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် ကွမ်းလုံကြိုးတံတား၏ ခံနိုင်ဝန်ကြောင့် ကုန်တင်ယာဉ်များကို(၂၅)တန်သာ တံတား ပေါ်ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည့်အတွက် ကွမ်းလုံမြို့နယ် အဝင်အထွက်များတွင် ကုန်ကဲ့စခန်း ဖွင့်လှစ်၍ ကုန်ကဲ့ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမြှင့်မားနေဆဲကာလဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဝေးပြေးကုန်တင်ယာဉ်မောင်း/ယာဉ်နောက်လိုက်များ လိုက်နာရမည့် လမ်းညွှန်ချက် အရ လူစုလူဝေးဖြင့် ကုန်ကဲ့ခြင်းများကြောင့် ရောဂါကူးစက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လူစု လူဝေးဖြင့် ကုန်ကဲ့ခြင်း မဖြစ်ပေါ်စေရန်ရည်ရွယ်၍ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပိုင်းတွင် ကုန်တင် ယာဉ်များ (၂၅)တန်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)