ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အလှူ‌ငွေပေးအပ်လှူဒါန်း

ရေကြည်   အောက်တိုဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အလှူငွေပေးအပ်လှူဒါန်းခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်က ရေကြည်ခန်းမ၌ကျင်းပပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးညွန့် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွှန့် ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ်ပညာရေးမှူး ဦးသန်းမော်က အလှူငွေကျပ်(၅၂)သိန်း(၇)သောင်းနှင့် မြန်မာ သြဘာလုပ်ငန်းစု ကုမ္မဏီမှ လှူဒါန်းသော ငွေကျပ် (၃)သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ရာ ရေကြည် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လက်ခံခဲ့ကြောင်းသိရသည်။

အောင်သူဟန် (ပြန်/ဆက်)