မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး(Mask Campaign) လှုပ်ရှားမှု အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

 

မိုးနဲ   အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသ‌ ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (Mask)တပ်ဆင်ရေး ဆော်ဩ ပညာပေးခြင်း နှင့်နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က မြို့မဈေး ၊မိုးနဲ-မောက်မယ်လမ်း နှင့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာ များ၌ ပြုလုပ်ခဲ့သည်။

 “မိုးနဲမြို့နယ်အတွင်း အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့၏ ကြီးကြပ် မှုဖြင့် (Mask)တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးကြပ်မတ် မှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါ‌ ကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလိုက်နာရမည့် အချက်တွေကိုလည်း ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းပြီးတော့ နေ့စဉ် မြန်မာဘာသာနှင့်ရှမ်းဘာသာတို့ဖြင့် မော်တော် ယာဉ်များ အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်ဆော်ဩ ပေးလျက်ရှိပါကြောင်း ၊နှာခေါင်း စည်း (Mask) မတပ် လာသူများကို အခမဲ့ ပေးဝေ လျက်ရှိပါကြောင်း ၊‌ ကိုဗစ်-၁၉ ရေဂါကာကွယ်ရေး အသိပညာ ပေးလက်ကမ်း စာစောင်များ ကိုလည်းဖြန့်ဝေ ပေးလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေ မှာပူးပေါင်း ပါဝင်‌စေလိုပါကြောင်း” မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ပြောကြား ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာရေး (Mask Campaign) လှုပ်ရှား မှုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ထိန်းချုပ် ၊ကုသရေးလုပ်ငန်းကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ကျန်းမာ‌ရေးဌာနမှတာဝန်ရှိသူများ ၊မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)