ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဈေးဆိုင်များ စနစ်တကျ ဖွင့်လှစ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ငါးသိုင်းချောင်း  အောက်တိုဘာ ၅

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း‌ဒေသကြီးအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့မှ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များကို အောက်တိုဘာလ (၃၁)ရက်နေ့အထိ ဆက်လက် လိုက်နာ ဆောင်ရွက်သွားရန် အများပြည်သူသို့ အသိပေးချက် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အဆိုပါ တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တာဝန်ရှိ သူများက အဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာမြို့မဈေးနှင့်‌‌ အောင်ဆန်းရပ်ကွက်ဈေး၊ မြို့တွင်းရှိ ဈေးဆိုင်ခန်းများ၊ ရေယာဉ်ဆိပ်ကမ်း နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက အောက်တိုဘာလ ()ရက်နေ့တွင် ဈေးဆိုင်များသို့ သတ်မှတ် စည်းကမ်းချက်များအတိုင်း စနစ်တကျ ဖွင့်လှစ်‌​ရောင်းချ‌ရေးအတွက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်များတွင် လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ဈေးရောင်းချသူများ၊ ဆက်သွယ် သွားလာလျက်ရှိသည့် ပြည်သူများသို့ နှာခေါင်းစည်း (mask)များ၊ မျက်နှာကာ(face shield)များ စနစ်တကျတပ်ဆင်ရေး၊ စနစ်တကျ လက်‌ဆေးရေး တို့အတွက် လိုက်လံ နှိုး‌‌ဆော် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)