တမူး အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမှုများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့ဝင်များက အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ အားကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးနေဝင်း နှင့်ကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေများနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုးဆော်ပေးရန်၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု့များအပေါ် ကူညီဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးတို့အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို အောက်တိုဘာ(၁)ရက်နေ့မှ(၁၄)ရက်နေ့ အထိကပ် ထားကြေညာပေးသွားမည် ဖြစ်ပြီး တမူးခရိုင်တွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင် စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ(၈၁၇၆၉)ဦးရှိပြီး လျာထားမဲရုံ (၇၆) ရုံရှိကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)