ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်တည်ရှိသော ဘုန်းကြီးကျောင်းများသို့ အလှူငွေများထောက်ပံ့လှူဒါန်း

လားရှိုး အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တည်ရှိသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၊မန်တုံမြို့နယ်၊ ဆိုင်းလိန် ကျေးရွာအုပ်စု၊ ဆာလူကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန်အတွက် သိန်းတစ်ရာကျပ်၊ မန်တုံမြို့၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာမြို့လယ်ကျောင်းတိုက်အတွင်း တည်ထားမည့် ဇေယျသုခအောင်ချမ်းသာ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် အလှူတော်ငွေ သိန်းနှစ်ရာကျပ်တိတိကို ယနေ့ နံနက်ပိုင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မန်တုံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  လက်ထောက် ညွှန်ကြားရေးမှူး  ဦးနိုင်အောင် နှင့်  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများက ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုနည်းတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ နားပန်ကျေးရွာရှိ သာသနာပြု ကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော်များ အတွက် အလှူငွေ ကျပ်သိန်းငါးဆယ်ကို အောက်တိုဘာလ ရက်နေ့က လောက်ကိုင်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင် နှင့်တာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ၊နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း သာသနိကအဆောက်အဦများ ဆောက်လုပ်ရန်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်ကြသောဆရာတော် သံဃာတော်များ၊ သီလရှင် စာသင်တိုက်များသို့ ဆွမ်းကွမ်းဝေယျာဝစ္စ ကိစ္စရပ်များ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရပ်ဝေးနေကျောင်းသားများအား စဉ်ဆက်မပြတ်ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း စုစုပေါင်း (၂၀၃.၈၄)သန်း လှူဒါန်းပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒေသကြီးကြပ်ရေးမှူး  ဒုတိယညွှန်ကြားရေးမှူး  ဦးကျော်စွာဝင်း ထံမှ သိရှိရသည်။

စိုင်းထွန်းနေ (လားရှိုး)