ချင်းရွှေဟော်မြို့အဝင်၌ ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်မျာအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

 

ချင်းရွှေဟော်   အောက်တိုဘာ   ၅

ချင်းရွှေဟော်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များ တင်သွင်းမည့် ကုန်တင်ယာဉ် ၊ ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်များအား ချင်းရွှေဟော်မြို့အဝင်သံတံတားအနီး၌  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit  စနစ်ဖြင့် ကွမ်းလုံမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန နှင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန ဝန်ထမ်းများ  ပူးပေါင်းပြီး ယနေ့ နံနက်(၆)နာရီ အချိန်က စတင်၍ အခမဲ့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ  စစ်ဆေး ဆောင်ရွက် ပေးသည့် နေရာသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၊လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဉီးဆောင်၍ ကွမ်းလုံ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဇေယျ ၊ ကွမ်းလုံမြို့နယ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာခွန်စောထွန်း ၊ ချင်းရွှေဟော်မြို့  ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ် ချုပ်ရေး မှူး ဉီးသက်ဉီးပိုင် ၊ အတွင်းရေးမှူး ဒေါက်တာသီဟ နှင့် ကော်မတီ အဖွဲ့ဝင်များက  ချင်းရွှေဟော် မြို့အဝင် သံတံတားအနီး၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် သီးခြားအခန်းနေရာ ပြင်ဆင် ထားရှိမှု နှင့် COVID-19 Rapid Antigen Diagnostic Test Kit  စနစ်ဖြင့် စစ်ဆေးပေးနေမှု အခြေအနေများအား  ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များ တင်သွင်း မည့် ကုန်တင် ယာဉ်များကို  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ  ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉီးစီးအဖွဲ့ အစီ အစဉ်ဖြင့် တရုတ်နိုင်ငံသို့ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်း နေရသည့် ကုန်တင်ယာဉ် များအား ယာဉ်မောင်း အစားထိုးစနစ်ဖြင့်  စီမံဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ(၂၄)ရက်နေ့မှ ယနေ့အထိ ပို့ကုန် တင်ယာဉ် စီးရေ(၈၂၆)စီး တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း ချင်းရွှေဟော်မြို့၊ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဌ ထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)