တောင်တွင်းကြီး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁ )နှစ်ခွဲ အထိ ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက အုန်းတော(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ် စေရန်အတွက် ကလေးငယ်များ အား အလှည့်ကျ ဆေးထိုး ဆေးတိုက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုး ဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ ၊ ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊အသည်းရောင် အသားဝါဘီ ဦးနှောက် အမှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြော သေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင် များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြာင်း သိရသည်။
အေးမိုးမိုးမြင့် (ပြန်/ဆက်)