သိန္နီမြို့၌ ရပ်ကွက်အလိုက် Quarantine Camp များဖွင့်လှစ်ထားရှိ

 

သိန္နီ   အောက်တိုဘာ  ၅

ရှမ်ပြည်နယ် (မြောက်ပိုင်း)၊  လားရှိုးခရိုင်၊ သိန္နီမြို့တွင်မြို့ပေါ်ရပ်ကွက်များအတွက်  တစ်ခုတည်းသော Quarantine Camp ကိုမြို့လယ်ကျောင်းရှိ ယောဂီတရားရိပ်သာ၌ ဖွင့်လှစ်ထားရှိရာမှ  ယခုအခါ ရပ်ကွက် တစ်ခုလျှင်  Quarantine  Camp တစ်ခုနှုန်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။  ထို့သို့ ဖွင့်လှစ်ရာတွင်  ရပ်ကွက် အလိုက် Quarantine  Camp များတွင်  လိုအပ်သည့်အသုံးအဆောင်များဖြစ်သော  Mask - ၁၀၀၀ခု၊  Handgel (၆)ဗူး ၊ခေါင်းအုံး-(၁၆)လုံး ၊ခေါင်းအုံးစွပ်-၁၆ခု၊ဖော့ချပ်အခင်း-၁၀ခု ၊ခြင်တောင်-၆လုံး ၊ စောင်-၆ ထည်တို့ကို ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဦးမြင့်ဦး ဦးဆောင်၍ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပြီး မိမိတို့ရပ်ကွက်နေပြည်သူ များ၏ ကျန်းမာရေးကို ဝိုင်းဝန်:စောင့်ရှောက်ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

သိန္နီမြို့သူ/သားများအနေဖြင့် မိမိတို့ရပ်ကွက် အလိုက် Quarantine  Campများတွင် လိုအပ်သည့်အသုံး အဆောင်များနှင့် စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ သွားရောက် လှူဒါန်း နိုင်ပါကြောင်း ကြေညာထားသည်ကို သိရှိရသည်။

ပိုင်စိုး(ပြန်-ဆက်)