မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

မိုင်းခုတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံသွားလမ်း မြို့ဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်း များကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ဆိုင်ကယ် များနှင့် မော်တော်ယာဉ်(၅)စီးမှ ခရီးသည်(၁၉)ဦးအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာထောက်ခံချက်များပါရှိမှုရှိ မရှိစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်း၊ mask မပါရှိသူ များအား mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ ခရီးသွားလာရေး အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့် ကျန်းမာရေးဌာနတို့ပူး ပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုးတင့် (ပြန်/ဆက်)