စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ် အထက် အငြိမ်းစား ဆရာ/ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ဂါဝရပြု ကန်တော့

တမူး အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ယမန်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာ/ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ငွေများ ဂါဝရပြုကန်တော့ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန် ခန့်မှစ၍ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး အဖွဲ့များခွဲ၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပူဇော်ငွေများ သွားရောက်ကန်တော့ရာတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေရန်အတွက် အဖွဲ့များခွဲ၍ စနစ်တကျလိုက်လံ ပူဇော်ခဲ့ ကြပြီး  အငြိမ်းစား ဆရာ/ဆရာမကြီး တစ်ဦးလျင် (၄၀၀၀၀) ကျပ်စီဖြင့် အငြိမ်းစား ဆရာ/ဆရာမကြီး (၃၆)ဦး တို့အား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)