ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာတော်နှင့် ကပ္ပိယများထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပန်းဘဲတန်း အောက်တိုဘာ ၅

ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာတော်နှင့် ကပ္ပိယများထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး မဟာသိမ်တော်ကြီးကျောင်းတိုက်အား ယနေ့နံနက် ပိုင်းမှစတင်ပြီး ကန့်သတ်မှုပြု လုပ်ထားကြောင်း သိရသည်။ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် သံဃာတော် (၈၈)ပါးနှင့် ကပ္ပိယ (၂၃)ဦး ရှိသည့်အနက် Swab test စစ်ဆေးခဲ့ရာ သံဃာတော်(၇၆)ပါးနှင့် ကပ္ပိယ (၁၄)ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသည့်အတွက် ယနေ့နံနက်ပိုင်းတွင် သံဃာတော်(၇၆)ပါးအား ဗဟန်း()လမ်းရှိ အဘိဓမ္မာသာသနာဓရဗိမ္မာန်သို့ ပို့ဆောင် ထားပြီး ကပ္ပိယ(၁၄)ဦးအား ဘုရင့်နောင်စစ်ကျောရေးသို့  ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထံမှ သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်မဟာသိမ်တော်ကြီးကျောင်းတိုက်မှ ဒေါက်တာဘဒ္ဒန္တကုမာရ (ပါမောက္ခချုပ်ဆရာတော် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ပဓာန နာယက ဆရာတော်)ဆရာတော် ဘဒ္ဒန္တဂုဏလင်္ကာရ (တိုက်အုပ်ဆရာတော်နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်) နှင့် သံဃာတော်(၁၀)ပါးအား မဟာသိမ်တော်ကြီး ကျောင်းတိုက်အတွင်း ဆက်လက်သီတင်းသုံးနေထိုင်စေပြီး မဟာသိမ်တော်ကြီးကျောင်းတိုက်အား အသွားအလာ ကန့် သတ်ထားရှိကြောင်းသိရသည်။

နေခြည်(ပြန်/ဆက်)