ဟုမ္မလင်း အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြင်ဦးလွင်မြို့ မြန်မာ-ခါနန် တောင်သူ လယ်သမားနည်း ပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ ညနေ (၄)နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါလက်တွေ့သရုပ်ပြပွဲတွင် ဒု-လ/ထ ဦးစီးမှူး ဦးအောင်ညွှန့် ကြည်နှင့် ဦးအောင်လင်းမောင်တို့က ကောက်ရိုးမှို စိုက်ပျိုးနည်းများ အားလက်တွေ့သရုပ်ပြသခြင်း၊ ကောက်ရိုးအလွယ်တကူ မရရှိနိုင်ပါ က စက္ကူဂျပ်များ အသုံးပြု၍ မှိုစိုက် ပျိုးနည်းစနစ်ပြသခဲ့ရာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ဝန်ထမ်းများနှင့်အတူ ကက်သာကျေးရွာ တောင်သူ (၁၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး လက်တွေ့လေ့လာဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)