မိုင်းဆတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ(၃၀၆)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ယမန်နေ့အထိ ရောဂါပိုးတွေ့ရှိသောဒေသမှ ဝင်ရောက်လာသူ(၁၂)ဦးအား Facility Quarantine ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)