လဟယ် အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လမ်းသစ်ဖောက်လုပ်ပြီး လမ်းများပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နာဂဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းနှင့် လဟယ်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးလတ်ဆက်တို့က အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မြေပြင်အခြေအနေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများတွင် အိန္ဒိယနယ်စပ်ကျောက်တိုင်အမှတ် (၁၅၁)ထိ ကားလမ်းသစ် ဖောက်လုပ် ရန်အတွက် ဂမ်းည ရွာဟောင်း- ရွှေလော-ယမ်းကြိမ်လမ်းပိုင်းနှင့် တွေးထွေနောက်ကျော့-ယမ်းကြိမ်-ရွှေလောလမ်းပိုင်းအား လမ်းလမ်း အူကြောင်းရှာဖွေခြင်း၊ လဟယ်မှ ဂမ်းညရွာဟောင်းအထိ(လဟယ်-လောင်ကျန်းနောက်ကုန်း-တိုက်ရံ-လကျန်း-လန်ထိန်-တွေးထွေနောက်ကျော့-လောင်ဂီး-ယမ်းကြုံး-ဂမ်းညရွာဟောင်း) လမ်းပိုင်းများအားပြင်ထိန်း ဆောင်ရွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှားဆက်(ပြန်/ဆက်)