သီပေါမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၃၅၆၅၉)ဦးရှိ

သီပေါ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ()ရက်နေ့မှ(၁၄)ရက်နေ့အထိ  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်ကပ်ထား ကြေညာထားရာ သီပေါမြို့နယ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၇)စုတွင် မဲရုံပေါင်း(၁၁၁)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၆၄၃၆၅)ဦး၊ (၇၁၂၉၄)ဦး စုစုပေါင်း(၁၃၅၆၅၉)ဦးရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ()ခုရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း()ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း()ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်()တွင် ကိုယ်စားလှယ်လောင်း()ဦး၊              ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်()တွင် ကိုယ်စားလှယ်လောင်း()ဦး  စုစုပေါင်း  လွှတ်တော် ကိုယ်စားလှယ်လောင်း(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)