ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံးတံတားတစ်စင်းဖြစ်သည့် ပွန်ချောင်း ချောင်းကူးတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး

ဆီဆိုင်  အောက်တိုဘာ       

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ် ကျေးရွာအုပ်စုအတွင်းတွင်ရှိသော ပွန်ချောင်းကိုဖြတ်၍ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်း တံတားအမှတ်(/၄၅)ပွန်ချောင်းတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံးတံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။

 အဆိုပါပွန်ချောင်း ချောင်းကူးတံတားကြီးသည် အရှည်ပေ(၁၉၀)ပေ၊ အကျယ်(၂၄)ပေ၊ လူသွားလမ်း အကျယ် တစ်ဖက် ပေစီ၊ အမြင့်(၄၅)ပေ၊ တံတားခံနိုင်ဝန်(၇၅)တန် (ယာဉ်တစ်စီးချင်း) တံတားအခန်းဖွဲ့စည်းပုံမှာ  ပေ ၄၀ ခန်း ခန်း၊ ပေ ၁၀၀ ခန်း ခန်း၊ ပေ ၅၀ ခန်း ခန်းပါရှိကာ သံမဏိသံပေါင် + သံကူကွန်ကရစ်ရက်မ+ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစား ဖြစ်ပြီး ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်ကို ဆက်သွယ်ထားသော တံတားကြီးဖြစ်သည်။ တံတားကြီးကို တံတားအထူးအဖွဲ့(၁၂)မှ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၉၇၄.)သန်းဖြင့် တည်ဆောက်ရေးအဖွဲ့() တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူ၍ 2018-2019 ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ရာ တံတားပြီးစီးမှုအား အောက်တိုဘာ ရက် မွန်းလွဲ နာရီခန့်က တံတားအထူးအဖွဲ့(၁၂)ရွှေညောင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသောင်း၊ တောင်ကြီးခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့/ပြ) ဦးမျိုးလွင်၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတို့က သွားရောက်ကြည့်ရှုပြီး တံတားကို အောက်တိုဘာ ရက်နေ့တွင် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကြီးပြီးစီးပြီဖြစ်၍ ကျွန်းတောင်-ကျောက်တစ်လုံးကြီးမြို့- ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်သို့ ဆက်စပ်သွားလာမှု ပိုမိုမြန်ဆန်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမူရေး၊ စီးပွားရေးများပါ ဖွံ့ဖြိုးတိုးတက်ကာ ကုန်စည်စီးဆင်းမှု ကောင်းမွန်လာတော့မည်ဖြစ်သည်။

ခွန်ရဲထွေး(ဆီဆိုင်)