ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းရယ်  အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်ခံရမှု မရှိသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် မြို့အဝင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက () ပတ်အတွင်းထုတ်ပေး ထားသည့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း (Negative) ထောက်ခံချက်ပါရှိမှသာ ဝင်ရောက် ဖြတ်သန်းခွင့်ပြုရန်၊ ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ()ရက်နေ့မှ (၁၄)ရက်နေ့အထိ ခေတ္တရပ်နားထားရန် ညွှန်ကြားထားပြီးဖြစ်သည်။

မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် အခြား မြို့နယ်များမှ  ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာပါက မိမိမြို့နယ်တွင် ယာဉ်ရပ်နားမှုမရှိစေရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး မိုင်းရယ်မြို့နယ် နယ်နမိတ်အထိ လိုက်လံပို့ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်