ပန်းတောင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် (Mask) တပ်ဆင်ရေး ပညာပေး ခြင်းနှင့် ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်ရေး (Mask Campaign) လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်စျေးနှင့် လူစည်ကားရာနေရာများ၌ ပါးစပ်/နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)