လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁)ရက် နေ့မှ (၁၄)ရက်နေ့ထိ  မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထား ကြေညာခြင်း ဖြစ်သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက်(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)၊(၈)၊(၁၅) ရပ်ကွက်နှင့် ရေဥက္ကံ၊ ရွှေလင်ပန်း၊ ရှမ်းချောင်း၊ ကစင်၊ ညောင်ရွာတို့ရှိ ကျေးရွာ(၅)ရွာတို့မှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများကို လာရောက်ကြည့်ရှုကြရန်နှင့် ပထမ အကြိမ်မဲ စာရင်းများကို ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယအကြိမ် အောင်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက် နေ့အထိ ကပ်ကြေညာထားသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ  ပိုမိုပြည့်စုံမှန်ကန်စေရန် ပထမအကြိမ် မဲစာရင်းများကို ပြင်ဆင် ဖြည့်စွက်ပြီး ဒုတိယအကြိမ် အောင်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာခြင်းကို  မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှု စစ်ဆေးပြီး  သတ်မှတ် ပုံစံ(၃)မျိုးဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းတို့ကို ပြန်လည် လျှောက်ထား နိုင်သည်။

ထိုသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်းတွင် ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ တို့ရှိပြီး မဲဆန္ဒရှင်စာရင်းစုစုပေါင်း(၃၃၆,၀၀၀)ဦး ရှိကြောင်း နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာ ထားကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)