မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

အရာတော်   အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊အရာတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်  နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်း စည်းတပ်ဆင်ရေးကို မြို့လယ် ကျောက်တိုင် လမ်းဆုံ၊ ရွှေဘို-အရာတော်-မုံရွာလမ်း တစ်လျှောက်နှင့် မြို့မစည်ပင်သာယာစျေး  ကျန်းမာရေး စစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်း၊စည်းကမ်းမလိုက်နာသူများကို စစ်ဆေးအရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်ထားရှိကာ မြို့နယ် အဝင် ခရီးသည်နှင့် ယာဉ်အဝင်/အထွက်များ၊ ခရီးသွားပြည်သူများနှင့်လမ်းသွားလမ်းလာ ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် မြို့မစျေးအတွင်း စျေးရောင်း/စျေးဝယ်သူများ နှာခေါင်း စည်းတပ်ဆင်မှု စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ တွင်ပါဆယ် စနစ်ဖြင့် ရောင်းချရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ ကြပ်မတ်စစ် ဆေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက် ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ၊ကျန်းမာရေး အသိပေးညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခြင်းတို့ကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာန တို့ကနေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)