ကြည့်မြင်တိုင် အောက်တိုဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထား ရှိသော Community Based Facilities Quarantine Centre သို့ ယမန်နေ့က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းမှုတွင် မြို့နယ် အငြိမ်းစားပညာရေးဝန်ထမ်းများ စောင့်ရှောက်မှုအသင်းမှ အလှူငွေကျပ်(၅၀) သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် အ-ထ-က(၁)ကြည့်မြင်တိုင်နှင့် အ-ထ-က(၂)ကြည့်မြင်တိုင်၊ အ.လ.က (၄) ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ စက်စန်းရပ်ကွက်တို့တွင် Quarantine Centre (၅) ခုဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များသို့ စေတနာရှင်အလှူရှင်များက အလှူငွေများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်စရာများကို လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)