ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ​လေဟာပြင်ည​စျေးသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှု

ကြည့်မြင်တိုင်   အောက်တိုဘာ  ၆

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လေဟာပြင်ည ဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ​နေ့လယ်ပိုင်း က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၉)၊ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ မြို့နယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ဝင်း ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ စျေးများဌာန အ​နောက်ပိုင်းခရိုင်မှူး၊  စီမံခရိုင်ဌာနခွဲမှူး၊ We Love Yangon  အဖွဲ့၊ ရင်ခွင်မဲ့ပရဟိတအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီဝန်ထမ်းများနှင့် စျေးများဌာနတို့ ပူး​ပေါင်းကာ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ဈေးအတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများက အကြံပြုပြောကြား ခဲ့ကြောင်းသိရသည်။

ထို့​နောက် အဆိုပါအဖွဲ့မှ စျေးအတွင်း​ရောင်းချလျက်ရှိ​သော ဆန်၊ ဆီ၊ မီဖို​ချောင်သုံးပစ္စည်းများ၊ အသား၊ငါးရောင်းချ ​နေမှုများကိုလည်း ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)