နောင်ချို အောက်တိုဘာ ၆
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော နောင်ချိုမြို့ စျေးရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၀)စုအား ယမန်နေ့နံနက်(၁၀)နာရီမှစ၍ ဆန်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ စျေးရပ်ကွက်အတွင်း အခြေခံလူတန်းစားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားနပ်ရိက္ခာများကို အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် စဉ်ဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိရာ ယခုထောက်ပံ့ပေးသော အိမ်ထောင်စု (၅၂၀)အတွက် တစ်အိမ်ထောင်လျှင် (၄)ပြည်နှုန်းဖြင့် ဆန်များကို စျေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်မိုးအောင်၏ စီစဉ်မှုဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးမှုများကြောင့် ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့်အတွက် တာဝန်ရှိလူကြီးများကို ကျေးဇူးတင်ရှိကြောင်း၊ ဝမ်းမြောက်မိပါကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်