ရေဖြူမြို့နယ် ပြင်ပ ရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များ စတင်ထုတ်ပေး

ရေဖြူ အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ပြင်ပရောက်မဲဆန္ဒရှင် ပြည်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲ လက်မှတ်များကိုအောက်တိုဘာ (၅)ရက်နေ့မှ စတင်၍သက်ဆိုင်ရာဒေသသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ရေဖြူမြို့နယ်တွင် မြို့နယ်ပြင်ပရောက်နေသူများ ကြိုတင်မဲပေးရန် ဆန္ဒပြုထားသူ စုစုပေါင်း(၁၃၅၁)ဦး ရှိပြီး သက်ဆိုင်ရာ မဲဆန္ဒရှင် ရှိရာဒေသ၊ တပ်ရင်းတပ်ဖွဲ့၊‌ ဆေးရုံ၊ အကျဉ်းထောင်နှင့်သင်တန်းကျောင်းသို့ တာဝန်ရှိသူများ ကိုယ်တိုင်သော် လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး(စာတိုက်၊ကြေးနန်းနှင့်တယ်လီဖုန်း)မှတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ထံက သိရသည်။

ဖြူဖြူရှိန် (ရေဖြူ-ပြန်/ဆက်)