သပိတ်ကျင်း အောက်တိုဘာလ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူများကျန်းမာရေး ဗဟုသုတ ရရှိစေရန်၊ ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကလေးသူငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ်အတွင်းရှိ (၄)မိုင် ကံသာကျေးရွာနှင့် (၆)မိုင် စခန်းသာကျေးရွာများတွင် အသက် (၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသည်းဝါ(ဘီ)ရောဂါ၊ (၅)မျိုးစပ်ကာကွယ် ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး စသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပုံမှန်လစဉ်ကာကွယ်ဆေးထိုးဆေး တိုက်လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေး စစ်ဆေးခြင်းလုပ် ငန်းများကို (၇)မိုင်ကျေးရွာ ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်စန္ဒာထွေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သပိတ် ကျင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းတို့မှ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေး လာ ရောက်ပြသသူများအား နှာခေါင်းစည်း Mask နှင့် Face Shield များအား (အခမဲ့) ပေးဝေခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)