ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် CASH FOR WORK (CFW) နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project-VRFP) စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ၊ ပင်းတောက်အုပ်စု နမ့်လင်းမိုင်ကျေးရွာနှင့် ကတ်ထိုက်အုပ်စု ဝမ်ဆောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ညွန့်ကြည်၊ ဒုတိယညွှန်ကြားရေးမှူး များ ဖြစ်ကြသည့်ဦးမျိုးမင်းသန့်၊ ဒေါ်သန်းသန်းမြင့်၊ ခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းနှင့် မြို့နယ်ဦးစီးမှူး ဦးရဲခေါင် နှင့် ဝန်ထမ်းများက ပင်းတောက်အုပ်စု နမ့်လင်းမိုင်ကျေးရွာတွင် CFW စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွာပိုင်ငါးကန်ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းကို စစ်ဆေးခဲ့သည်။
ဆက်လက်၍ ကတ်ထိုက်အုပ်စု ဝမ်ဆောင်ကျေးရွာတွင် VRFP စီမံကိန်း ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းစာရင်းဇယားများပြုစုထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တည့်မတ်ပေးခဲ့ကာ လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော အိမ်ထောင်စုများ၏ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိုင်းတုံမြို့၌ CFW စီမံကိန်းဖြင့် ဆောင်ရွက်သည့်ကျေးရွာ(၁၀)ရွာနှင့် VRFP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာ(၆)ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲခေါင်ထံမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)