စမ်းချောင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော Quarantine Centreများရှိစောင့်ကြည့် လူနာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် အစား​သောက်နှင့်​ ဆေးဝါးများလှူဒါန်း

စမ်း​ချောင်း စက်တင်ဘာ ၆

ရန်ကုန်မြို့အားချစ်မြတ်နိုးပြီး သန့်ရှင်းသာယာလှပစေလိုသူပရဟိတအဖွဲ့များ စုဖွဲ့ထားသည့်We Love Sanchaung အဖွဲ့သည်စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထား​သော Quarantine Centre များရှိစောင့်ကြည့် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတွက် အစားသောက်နှင့် ဆေးဝါးများကို ယ​နေ့နံနက်ပိုင်းက သွား​ရောက်လှူဒါန်းခဲ့​ကြောင်းသိရသည်။

လှူဒါန်းရာတွင် Vitamin Cအလုံး (၁၀၀)ပါ (၂၀၀)ဗူး ၊Zinc Tablet အလုံး (၃၀)ပါ (၁၅၀)ဗူး၊ Surgical mask(၃၀၀၀)၊အမှိုက်အိတ်(၈၀၀)၊ ကြက်ဥပြုတ်အလုံး(၃၀၀)တို့အား We Love Sanchaung အဖွဲ့ဝင်များနှင့် အလှူရှင်များမှပူး​ပေါင်းမျှ​ဝေ၍ လှူဒါန်းခဲ့ကြရာ စမ်း​ချောင်းအ.ထ.က(၁)နှင့် အ.ထ.က(၂)  Quarantine Centre(၂) ခုမှတာဝန်ရှိသူများ ကလက်ခံရယူခဲ့ကြ​ကြောင်းသိရသည်။

ခင်ဆူးသစ်(ပြန်/ဆက်)