ခရမ်း အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်းကိုဗစ် -၁၉ရောဂါကူးစက်ပျံနှံ့မှုအားလျှင်မြန်စေသော လူစုလူဝေးဖြစ်ပေါ်မှု့ကိုလျှော့ချနိုင်စေရန် အတွက် ခရမ်းမြို့မဈေးကြီးတွင်စားသောက် ကုန်ပစ္စည်းနှင့်သား/ငါး အသီးအနှံများသာရောင်းချ ခွင့်ပြုထားပြီး အခြားမည်သည့် ဆိုင်မျှဆိုင်ဖွင့်ရောင်းချမှုမရှိစေရေးကွင်း ဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်၈ နာရီကဆောင်ရွက် ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသည့် အတွက်ရောဂါကူး စက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရမ်းမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များ အား လိုက်နာဆောင်ရွက် ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များ နှင့်အညီဈေးအတွင်းသို့ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများ အားဈေးအတွင်းဝင် ရောက်ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိပညာပေးခြင်းများကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးမိုးကျော်နှင့် မြိုနယ်စည်ပင် သာယာရေး အဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ခရမ်းမြို့မဈေးကြီး အဝင်မှ စ၍ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ဈေးဝယ်များအား mask များအခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
ကိုမင်း( ခရမ်း )