ပင်လည်ဘူး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ယမန်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် (၇၀)နှစ်နှင့် အထက်(အငြိမ်းစား) ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့က မြို့နယ်ပညာရေး မိသား စုများ စုပေါင်းပြီးအိမ်တိုင်ရာရောက်သွားရောက် ပူဇော် ငွေများ လှူဒါန်းကန်တော့ခဲ့ကြကြောင်းသိရသည်။
အဆိုပါ (အငြိမ်းစား)ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းကို ကိုဗစ်-၁၉ ကာလ လူစုလူ ဝေးမ ဖြစ်ပေါ်စေရေးနှင့် ရောဂါ ကူးစက် ပျံ့ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန် ချက်များနှင့်အညီ အဖွဲ့များခွဲ၍ သွားရောက် ကန်တော့လှူဒါန်းခဲ့ကြကြောင်း၊ ပညာရေးမိသားစုများ၏ စုပေါင်း လှူဒါန်းမှုမှာ အသက် (၇၀)နှစ်အထက် (အငြိမ်းစား)ဆရာ၊ ဆရာမကြီးများ တစ်ဦးလျှင် ငွေကျပ် (၈၀၀၀၀) နှုန်းဖြင့် စုစုပေါင်း(၂၄)ဦးအတွက် ပူဇော်ကန်တော့ ငွေ(၁၉၂၀၀၀၀)ကျပ်ကို အိမ်တိုင် ရာရောက် လိုက်လံ ပူဇော် ကန်တော့လှူဒါန်းခဲ့ကြကြောင်းမြို့နယ်ပညာရေးဌာနမှသိရသည်။
မျိုးလွင်(ပင်လည်ဘူး)