ဒေးဒရဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက အုန်းပင်ကျေးရွာအုပ်စုရှိ ကုန်တင်ယာဉ်များ ကုန်ပစ္စည်းတင်ပို့သည့် နေရာသို့ ယမန်နေ့ မွန်းလွဲ ၁နာရီက ကွင်းဆင်း သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာ အုပ်စုတွင်ရှိသော ကုန်တင်ယာဉ်များ ကုန်ပစ္စည်းတင်ပို့မှု နှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ရေး၊ ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်း ယာဉ်နောက်လိုက်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ အသွားအလာပြုလုပ်နေကြသဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုမရှိစေရန် သီးခြားနေထိုင်စေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်စေရေး အုန်းပင် ကျေးရွာ အုပ်ချုပ်ရေးမှူးအား မှာကြားခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)