သရက်ချောင်းမြို့နယ်တွင် မီးဘေးသင့်၍ ပျက်စီးခဲ့သည့် နေအိမ်(၁)အိမ်အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သရက်ချောင်း အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာအုပ်စု ပန်းဒေါ့ကျေးရွာ၌ မီးဘေးသင့်၍ ပျက်စီးခဲ့သည့်နေအိမ်(၁)အိမ်အား ထောက်ပံ့ငွေများနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် အိမ်ဆောက်ပစ္စည်းတန်ဖိုး အတွက် ကျပ် (၁) သိန်း၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၆၃၀၀)ကျပ် စုစုပေါင်း(၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းကလည်းကောင်း၊ (Family Kit)တစ်အိမ်သုံး(၁)စုံကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ခံ ဦးမြတ်ကိုကိုကလည်းကောင်း ပေးအပ်ခဲ့ရာ အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ညိုဝင်း က လက်ခံရယူခဲ့သည်။

 အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာသို့ ဦးဝင်းမင်းဖြိုး ဒုတိယဦးစီးမှူး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။

 နိုင်ဝင်း(ပြန်/ဆက်)