ဝန်းသို အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှမြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဂျိုးတောင်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကျောက်ပါးစပ် ကျေးရွာ စသည့် ကျေးရွာများသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပိန္နဲကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် စက်ရေ တွင်းတူး ဖော်ခြင်းလုပ်ငန်းအတွက် မြေနေရာရွေးချယ်သတ်မှတ်ခြင်းကိုလည်းကောင်း၊ ကျောက်ပါးစပ် ကျေးရွာတွင် ကိုယ့်အား ကိုယ်ကိုး စက်ရေတွင်းတူးဖော်ဆောင်ရွက်နိုင်ရန်အတွက် မြေနေရာရွေးချယ် သတ်မှတ်ခြင်းနှင့် Solar စက်ရုံသို့ သွားမည့်လမ်း ကွန်ကရစ်လမ်းတင်ပြတောင်းခံနိုင်ရေး တိုင်းတာ ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကိုလည်းကောင်း၊ ဂျိုးတောင် ကျေးရွာတွင် အလှူရှင်များစုပေါင်း၍ ဆောင်ရွက် နေသည့် စက်ရေးတွင်းတူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)