စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဖြန့်ဝေ

တမူး အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ထုတ်ဝေသည့်"သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်း စာစောင်များနှင့်ပိုစတာများကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးရှိ စျေးသည်များနှင့်စျေးရောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရသည်။

အသိပညာပေး လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည် ပါရှိခြင်း ရှိ/ မရှိ ကိုစစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊မဲစာရင်းတွင် ဖြည့်စွက်ရန် ပြင်ဆင်ရန် လိုအပ်ပါက (သို့)မဲစာရင်းပါ အမည်စာရင်းကို ကန့်ကွက်လိုပါက သတ်မှတ်ထားသည့် ပုံစံများကို ဖြည့်စွက်၍ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ အဖွဲ့ခွဲများထံ တင်သွင်းရန်နှင့် အွန်လိုင်းမှတဆင့် မဲစာရင်း စစ်ဆေးနည်းလမ်းများ၊ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ကို လွယ်ကူစွာ ရှာဖွေနိုင်ရန် အကြံပြုချက်များ၊ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်၊မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှတဆင့် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ဖြန့်ဝေသည့်အပြင် တမူးခရိုင် လူငယ်ရေးရာ ကော်မတီမှလည်း လူစည်ကားသည့် နေရာများ တွင် လိုက်လံဖြန့်ဝေလျက်ရှိကြောင်း သိရှိ ရသည်။

ကျော်သူရ(ပြန်/ဆက်)