နွားထိုးကြီး၊ အောက်တိုဘာ ၆
နွားထိုးကြီးမြို့အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက နွားထိုးကြီးမြို့ရှိ စည်ပင်သာယာဈေးရှိကုန်စုံဆိုင်များအား ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိ ရသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် နွားထိုးကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဦးသန်းအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးအဖွဲ့ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဖွဲ့များလိုက်ပါလျက် နွားထိုးကြီးမြို့ ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက်ကုန်အရောင်း ဆိုင်များနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင် များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြသည့် ကုန်ပစ္စည်းများရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ် လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အ စား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ်အချက်အ လက်များကို ဖော်ပြထားခြင်းရှိ/မရှိ၊ Mistine အလှကုန်ပစ္စည်းများ FDA ညွှန်ကြားချက် အတိုင်း လိုက်နာမှု ရှိ/မရှိနှင့် Ajinomoto ဟင်းခတ်အချိုမှုန့်များ ရောင်းချခြင်းရှိ/မရှိ လိုက်လံ စစ်ဆေးပညာ ပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်