ညောင်တုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် အသုံးပြုရန် ရွေးကောက်ပွဲ ကော်မရှင်သုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ရွေးကောက်ပွဲကော်မရှင်သုံး ပစ္စည်းများဖြစ်သည့် ပုံစံ (၂) ဗွီနိုင်း၊ ပုံစံ (၃) ဗွီနိုင်း A4၊ ခိုင်လုံမဲ/ ပယ်မဲဗွီနိုင်း A5 အစရှိသည့် ကော်မရှင်သုံးပစ္စည်း ၁၆ မျိုးကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)အုပ်စုမှ လာရောက် ထုတ်ယူခဲ့ကြ ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)