သန်လျင် အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ဆေးဝါးနှင့် နှာခေါင်းစည်းMaskများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ် အထောက်အကူပြုအဖွဲ့ နှင့် Fairgrow Finance Co Ltd တို့ပူးပေါင်း၍ စိန်ဖရန်စစ်ဇေး ဗီးယားကျောင်း၊ ခရစ်ယာန်သီလရှင် ကျောင်းနှင့် လုမ္မနီဘိုးဘွားရိပ်သာတို့အား ကျပ်(၁၄)သိန်း တန်ဘိုးရှိ ဆွမ်းဆန်တော်၊ ဆီ၊ဆေးဝါးနှင့် နှာခေါင်းစည်း Mask များအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ကျန်ရှိသောကျောင်းတိုက်များသို့လည်း ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲရှိသော အခြေခံပြည်သူများ သို့လည်း အဆိုပါ အဖွဲ့မှဆန်၊ ဆီ၊မီးဖိုချောင်သုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)