ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre များ မိမိရပ်ကွက်အလိုက် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်

ဒဂုံမြောက် အောက်တိုဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ၁၆ ရပ်ကွက်၊ မြို့ဦး စေတီ၊ ဘူတာရုံဓမ္မရိပ်သာကျောင်းတိုက်၊ အမှတ်(၅၀)ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ အမှတ်(၄၂) ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် တို့တွင် Community Based Facility Quarantine Centre သုံးခု ဖွင့်လှစ်ထားရှိသော်လည်း ကိုဗစ်-၁၉ လူနာများနှင့် ထိဆက်မှုရှိသည့် စောင့်ကြည့်လူနာများ များပြားလာပြီး စောင့်ကြည့်လူနာများ ထားရှိရန် နေရာများ လိုအပ်မှုရှိလာသဖြင့်  ရပ်ကွက်အလိုက် Quarantine Centre  ထားရှိနိုင်သည့် နေရာများစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 အဆိုပါ Quarantine Centre  များအား မိမိရပ်ကွက်အလိုက် ထားရှိနိုင်ရန်အတွက် အမှတ်(၃၂) ရပ်ကွက်တွင် ဗဟိုဓမ္မာရုံ၊ အမှတ်(၄၁)ရပ်ကွက်တွင် ရွှေညောင်ပင်ဓမ္မာရုံ၊ အမှတ်(၃၈)ရပ်ကွက်ရှိ အမက(၁၈)ကျောင်းတို့တွင် စောင့်ကြည့်လူနာ(၂၀)ဦးစီ ထားရှိနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖျားမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)