ထီးလင်း အောက်တိုဘာ ၆
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာများအရောက် ထောက် ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာအုပ်စု၊ အိုင်းမအုပ်စုနှင့်လောင်းဘိုကြီး ကျေးရွာအုပ်စုများရှိ အိုင်းမ၊ ဇီးတော၊ လောင်းဘိုလေး၊ လောင်းဘိုကြီး၊ အုန်းတော၊ အကြည်ဝါးဘင်း ကျေးရွာ(၆)ရွာမှ တောင်သူ(၄၃)ဦး တို့အား စပါး(၁)ဧကလျှင် - ၁၀၀၀၀/-ကျပ်၊ မြေပဲ(၁) ဧကလျှင် - ၃၀၀၀၀/-ကျပ်နှင့်နေကြာ(၁)ဧကလျှင် - ၅၀၀၀/-ကျပ် နှုန်းဖြင့် စပါး (၁၀)ဧက၊ မြေပဲ(၃၁) ဧက၊ နေကြာ(၁)ဧက အတွက် စုစုပေါင်း ထောက်ပံ့ငွေ - ၉၈၅၀၀၀/-ကျပ်ကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ထူးနှင့်ဝန်ထမ်းများက တောင်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)