မြဝတီမြို့၌ စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာ

မြဝတီ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက မြဝတီမြို့ရှိ ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ကူးစက်လာခြင်းမှ ကာကွယ်ရန် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့် ရှုသည့်နေရာတွင် ကန့်သတ်ခြင်းခံရပြီး၊ မိမိနေအိမ်တွင်သာ နေထိုင်ရခြင်းတို့ကြောင့် ကျန်းမာရေး၊ လူမှု ရေးနှင့်စီးပွားရေးဆိုင်ရာ ထိခိုက်လာပြီး တုန်လှုပ်ခြင်း၊ဝမ်းနည်းခြင်းနှင့် စိုးရိမ်ပူပန်ခြင်း စသည့်စိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။

အဆိုပါ စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာမြှင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့် ခြေအနေအခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်း ကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေး ပံ့ပို့မှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက တယ်လီဖုန်းဖြင့် ဝန်ဆောင်မှုပေး လျက်ရှိကြောင်း၊ ဝန်ဆောင်မှုများ ရယူလိုပါက ဆက်သွယ်ရမည့်ဖုန်းနံပတ်များနှင့်  မြဝတီမြို့ရှိ ရပ်ကွက်များ၌ စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးပိုစတာများကပ်ပေးခြင်းနှင့် hand speaker ဖြင့် လိုက်လံအသိပညာပေးခဲ့‌သည်။

မန်းသန်းရွှေမြင့်