တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်မဲလက်မှတ်များ သွားရောက်ထုတ်ယူ

တနင်္သာရီ  အောက်တိုဘာ  ၆

၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေ‌ထွေရွေးကောက်ပွဲ အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုတင်မဲလက်မှတ်များကို ယမန်နေ့ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းနှင့်ကော်မတီဝင်(၆)ဦးတို့က သွားရောက်ထုတ်ယူ ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ကြိုတင်မဲလက်မှတ်များကိုထုတ်ယူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြို တင်ဆန္ဒမဲလက်မှတ်(၅၀)ရွက်စီပါ(၃)အုပ်နှင့်စာအိတ်(၅၀၀)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(တိုင်းဒေသကြီးအမှတ်-၉) ကြိုတင်ဆန္ဒမဲလက်မှတ်(၅၀)ရွက်စီပါ (၃)အုပ်နှင့်စာအိတ်(၅၀၀)အိတ်၊

တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကြိုတင်ဆန္ဒမဲလက်မှတ်(၅၀)ရွက်စီပါ (၃)အုပ်နှင့် စာအိတ်(၅၀၀)အိတ်နှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ကြိုတင်ဆန္ဒမဲလက်မှတ် (၅၀)စီပါ (၃)အုပ်နှင့်စာအိတ်(၅၀၀)အိတ်၊ ကရင်တိုင်းရင်းသား ကြိုတင်မဲဆန္ဒမဲလက်မှတ်(၅၀)ပါ တစ်အုပ်နှင့်စာအိတ်(၁၀၀)အိတ် စုစုပေါင်း ကြိုတင်မဲလက်မှတ်(၁၃)အုပ်နှင့်စာအိတ်(၂၁၀၀)အိတ် တို့ကိုထုတ်ယူခဲ့ပြီး ဒုရဲအုပ်ကျော်မျိုးထက်နှင့်တပ်ဖွဲ့ဝင်(၇)ဦးတို့နှင့်အတူ တနင်္သာရီမြို့မရဲစခန်း အတွင်းရှိ ငွေတိုက်အတွင်းည့်သွင်းသိမ်းဆည်းကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)