မြောင်းမြမြို့၌ EXIM Bank ချေးငွေရယူထားသော အခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်

မြောင်းမြ အောက်တိုဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေရယူ ထားသောအခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်ခြင်း ကိုယမန်နေ့ နံနက်ပိုင်းမှစ၍ အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစုဆောင်းငွေပေါ်အတိုးပေးအပ်ပွဲတွင် EXIM Bank ချေးငွေရယူထားသော သမဝါယမ အသင်း (၁၂၅)သင်းမှအသင်းသား(၇၂၇၃)ဦးက (၁၃)ကြိမ်မြောက်ပေးဆပ်ရမည့် ချေးငွေများကို ပြေကြေစွာ ပေးဆပ်ပြီးဖြစ်၍ (၁၃)ကြိမ်မြောက် စုဆောင်းငွေ(၉၅၅.၄၅၅)ကျပ်သန်းအတွက် ထုတ်ပေးရန်ရှိသည့် စုဆောင်းငွေပေါ် အတိုးငွေကျပ် (၇၁.၆၅၉၁၂၅)ကျပ်သန်းကို အသင်းသား လက်ဝယ်ရောက် (၅.၁၀.၂၀၂၀)နေ့မှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် ညွှန်ကြားချက် များနှင့် အညီ စနစ်တကျပေးအပ်လျက်ရှိကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)