ဒဂုံ(အရှေ့) အောက်တိုဘာ ၆
ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် မော်တော်ယာဉ် အဝင်အထွက်များ နယ်မြေကျော်သွားလာမှုမရှိစေရန် ယနေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် အနော်ရထာလမ်းနှင့် ကုန်းဘောင်လမ်းဆုံတို့၌ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချူပ်ရေး အဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မော်တော်ယာဥ်များအား နယ်မြေကျော် ဝင်ရောက်မှု ရှိမရှိနှင့် အထောက်အထားခိုင်လုံမှု ရှိမရှိ စစ်ဆေးခြင်း၊ ပြည်သူများအနေဖြင့် မဖြစ်မနေ ကိစ္စများမှလွဲ၍ အတက်နိုင်ဆုံး အပြင်မထွက်ကြရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချိန်နှင့် တပြေးညီ ထုတ်ပြန်ချက်များအား အများပြည်သူများ လိုက်နာနိုင်စေရန် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)