ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဘိုကလေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အလှူငွေပေးအပ်လှူဒါန်း

ဘိုကလေး  အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှူငွေ(၁)သိန်း ကျပ် ပေးအပ်လှူဒါန်းသည်။

အလှူငွေအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးလှိုင်မှ ပေးအပ်ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်မှ လက်ခံရယူခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်တွင် ယခုလက်ရှိ ဆေးဝါးကုသမှု ခံယူနေလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၀)ဦး ကျန်ရှိကြောင်း၊ မြို့နယ်တွင်း ရောဂါဆက်လက်ပြန့်ပွားကူးစက်မှု မရှိစေရေးအတွက် ဘိုကလေးမြို့ အဝင်/အထွက်များတွင် စစ်ဆေးရေးဂိတ်(၃)ဂိတ် နေ့/ည ထားရှိကာ စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)