စဉ့်ကိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကိုင်      အောက်တိုဘာ   ၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ပြည်နှစ် နိုဝင်ဘာလ() ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက်(၁၀)ခွဲက မြို့နယ်ရွေးကေက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်   ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံမြင့်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးနှင့် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် ဆုံရှုံးမှုမရှိစေရေးနှင့်ပြည်စုံ မှန််ကန်သည့်မဲစာရင်းများရရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်ဆန်းဦးမှ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားသည့် အခြေအနေများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီ:ဌာနကထုတ်ပြန်ထားသော  လမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြား

ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြပြီ: ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း  ကပ်ထားကြောညာရာ၌  မဲဆန္ဒနယ်မြေ  အမှတ်()တွင်  (၅၆၀၇၈)ဦး၊   မဲဆန္ဒနယ်မြေ အမှတ်()တွင်  (၅၉၀၀၇)ဦး စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၅၀၈၅)ဦး ရှိကြောင်း မြို့နယ်ရွေးကေက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရှိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်-ပြန်/ဆက်)