မိုးမိတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကုန်တင်ယာဉ်မောင်းများအား နှာခေါင်း/ အာခေါင် တို့ဖတ်ရယူခြင်းနှင့် ကိုဗစ်-၁၉ ပိုးတွေ့ ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား ဒုတိယအကြိမ် (နှာခေါင်း/အာခေါင်) တို့ဖတ်ရယူခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင် သာယာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မောင်များသည် မိုးမိတ် မြို့နယ်အတွင်း နေထိုင်သူများသာဖြစ်ပြီး အာခေါင် တို့ဖတ်ရယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ပိုးမတွေ့ရှိပါက မိုးမိတ်မြို့နယ်၏ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာဉ်မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် Quarantine Centre များမှ စောင့်ကြည့်ခံပုဂ္ဂိုလ် (၃၆) ဦး၊ ကုန်တင်ယာဉ်မောင်းများ (၄၃) ဦး၊ ကိုဗစ်-၁၉ ပိုးတွေ့ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ (၃၅)ဦး တို့အား( နှာခေါင်း/အာခေါင်) တို့ဖတ်ရယူကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)