မိုင်းရယ် အောက်တိုဘာ ၇
မိုင်းရယ်မြို့နယ် နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်တွင်ရှိသည့် လမ်းပိုင်းသည် မိုးသည်းထန်းစွာရွာသွန်းပါက နှစ်စဉ် ရေကျော်မှုများဖြစ်ပွားသည့် နေရာဖြစ်သည်။
အဆိုပါ နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်တွင်ရှိသည့် လမ်းအား လမ်းအထူးအဖွဲ့(၆)မှ လမ်းမြှင့်တင်ခြင်းအား ဆောင်ရွက်လျက်ရှိရာ မိုးရွာသွန်းမှုများကြောင့် ယမန်နေ့ နေ့လယ်(၂)နာရီခန့်မှစတင်ပြီး တွဲကားတစ်စီး လမ်းချော်နေမှုကြောင့် လမ်းယာယီပိတ်မှုဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လမ်းအထူးအဖွဲ့(၆)မှ တာဝန်ရှိသူများက လမ်းရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ လမ်းပိုင်းအား မိုင်းရယ်မြို့နယ်သို့ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ၂၄ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လာရောက်သည့် ခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သွားရောက် ကြည့်ရှုခဲ့ပြီး လမ်းအထူးအဖွဲ့ (၆)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ယင်းလမ်းပိုင်းအား ပြင်ဆင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်