ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Community based facility quarantine center ရှိ quarantine ဝင်နေသူများကို အားပေးစကားပြောကြား

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် ယမန်နေ့ နံနက် (၁၁:၀၀) နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ Community based facility quarantine center များသို့ သွားရောက်၍ quarantine ဝင်နေသူများကို အားပေးစကားပြောကြားခဲ့သည်။ ထိုသို့သွားရောက် ခဲ့ရာတွင်သင်္ဃန်းကျွန်းမြို့နယ်အမှတ် ()တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဌအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်္ဃန်းကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး တို့က မိမိတို့မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်စီစဉ်ဆောင်ရွက် လျက်ရှိသည့် အခြေ အနေများနှင့် quarantine center များတွင်quarantine ဝင်ရောက်နေ ထိုင်သူ များ အတွက် အစားအသောက်၊နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ကြသည် ထို့နောက် လူမှုရေးဝန်ကြီးက Quarantine‌ နေထိုင်သူများ ၏လိုအပ်ချက်များပြည့်စုံစေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး PPE ဝတ်စုံများနှင့် Mask များ ပေးအပ်လှူဒါန်းခဲ့သည်။

 

သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၊သင်္ဃန်းကျွန်း ပညာရေးကောလိပ်၊ အထက (သုဝဏ္ဏ)နှင့် အထက() သင်္ဃန်းကျွန်းတို့တွင် Quarantine centre များဖွင့်လှစ်ထားရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)