ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဖြူးမြို့နယ်တွင်ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေငြာထားမှုအား ကွင်းဆင်းစစ်ဆေး

ဖြူး အောက်တိုဘာ   

ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် ဖြူးမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီအဖွဲ့ဝင်များသည် အောက်တိုဘာလ ၆ ရက်နေ့ နံနက် (၁၀)နာရီတွင် ဖြူးမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)  မဲစာရင်းကပ်ထား ကြေငြာထား မှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်မှ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာစွာဖြင့် အမှားနည်း နိုင်သမျှနည်းအောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် နှင့်  လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းမှ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)ကို ရပ်ကျေးရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာထားပြီး ထိုစာရင်း များအရပြင် ဆင်ဖြည့်စွက်သူများရှိလာပါက ထိုသူများ အတွက်အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက်ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်စန်းစန်းမြတ် (တောင်ငူခရိုင် နယ်မြေတာဝန်ခံ)နှင့် ဖြူးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်များ မှရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများ တွင်ကပ်ထားသော မဲဆန္ဒရှင်စာရင်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရပါသည်။

မနွယ်(ဖြူး)