ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၇


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစင်တာ ရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် အ.ထ.က (ထန်းတပင်) Quarantine စင်တာတွင် Quarantine ဝင်ရောက်နေကြသူ (၅၅)ဦးတို့နှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်း(၅)ဦးတို့၏ နှစ်ရက်စာ အာဟာရ ထမင်းအတွက် အလှူငွေကျပ်သုံးသိန်း ခြောက်သောင်းကို အ.ထ.က(ထန်းတပင်)စင်တာရှိ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင် ထံသို့ အလှူရှင် ဦးအောင်လွင်နှင့် ဇနီးဒေါ်စန်းနွဲ့ (စန်းသော်တာရတနာရွှေဆိုင်)မိသားစုတို့မှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။    
ထို့အပြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန်အတွက်လည်း ဦးသက်ဝေနှင့်ဇနီး ဒေါ်တင်တင်နု (မိဘမေတ္တာ ကုန်စုံဆိုင်)မိသားစုတို့မှ အလှူငွေကျပ်ငါးသိန်း၊ ဒေါ်ကျင်လှိုင်နှင့်(သမီး) ဒေါ်ရီရီစန်းမိသားစု တို့မှ အလှူငွေကျပ် သုံးသိန်း၊ မအိအိလှိုင်နှင့် သူငယ်ချင်းတစ်စု ကျိုက္ခနာကျေးရွာတို့မှ လည်း အလှူငွေကျပ်တစ်သိန်းခွဲ၊ ဦးစိန်ဝင်း (သမ/ငြိမ်း)မိသားစုတို့မှ လည်း အလှူငွေကျပ်ငါးသောင်းနှင့် ဦးမောင်အေးနှင့်ဇနီးဒေါ်ခင်သန်း မိသားစု ရိုးခွကျေးရွာ တို့မှလည်း အလှူငွေကျပ် ငါးသောင်းတို့ကို အ.ထ.က(ထန်းတပင်) စင်တာရှိ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်ထံသို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)